Pandemic Emergency Unemployment Compensation (PEUC)

ကပ်ရောဂါ အရေးပေါ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် နစ်နာကြေးပေးမည့်အစီအစဉ် (PEUC)

အကျဉ်းချုပ်

ကပ်ရောဂါ အရေးပေါ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် နစ်နာကြေးပေးမည့်အစီအစဉ် (PEUC) သည် ၎င်းတို့၏ ပြည်နယ်ကပေးသည့် အလုပ်လက်မဲ့ အာမခံ အကျိုးခံစားခွင့် မရှိတော့သည့် အလုပ်သမားများအား အလုပ်လက်မဲ့ အာမခံ အကျိုးခံစားခွင့်များပေးမည့် 2020 ပြည့်နှစ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ အကူအညီပေးရေး၊ သက်သာချောင်ချိရေးနှင့် စီးပွားရေး အာမခံချက်ရှိရေး (CARES) အက်ဥပဒေအရ လုပ်ဆောင်ထားသော အစီအစဉ်တစ်ခုဖြစ်သည်။  ထိုအစီအစဉ်ကို အလုပ်ရှင်များက ပေးဆောင်ရသည့် ပြည်နယ်တွင်း အလုပ်လက်မဲ့ အခွန်များဖြင့် မဟုတ်ဘဲ ဖက်ဒရယ်အစိုးရဘက်က အကုန်အကျခံ၍ ငွေကြေးထောက်ပံ့ထားခြင်းဖြစ်ပါသည်။ 

ကပ်ရောဂါ အရေးပေါ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် နစ်နာကြေးပေးမည့်အစီအစဉ် (PEUC) 

  • ယခင်က ၎င်းတို့၏ အကျိုးခံစားခွင့်များ ကုန်ဆုံးသွားသည့် အကျိုးခံစားခွင့် လျှောက်ထားသူတစ်ဦးအတွက် ထပ်တိုး အလုပ်လက်မဲ့ အကျိုးခံစားခွင့်များ။
  • အများဆုံး ပုံမှန်အလုပ်လက်မဲ့ကာလထက် ကျော်လွန်၍ 13 ပတ်ကြာ ထပ်ဆောင်း ထောက်ပံ့မှုများ
  • အလုပ်သမားများသည် ယခင်အပတ်များက ၎င်းတို့ ရရှိခဲ့သည့် အလုပ်လက်မဲ့ အာမခံ အကျိုးခံစားခွင့်ငွေပမာဏအတိုင်း အလားတူ ပမာဏကို ခံစားခွင့်ရှိပါသည်။  
    • စတင်သည့် ရက်စွဲ- မတ်လ 29 ရက်၊ 2020 (ဧပြီလ 4 ရက်၊ 2020 ရက်သတ္တပတ်အဆုံး) 
    • ပြီးဆုံးသည့် ရက်စွဲ- ဒီဇင်ဘာလ 26 ရက်၊ 2020 ရက်သတ္တပတ်အဆုံး 

လိမ်လည်မှု သတိပေးချက်။

  • သင့်အနေဖြင့် မှားယွင်းသော ထွက်ဆိုချက်ကို တမင်တကာ ပြုလုပ်လိုက်သောကြောင့်သော်လည်းကောင်း သင်က အခြားသူကို ထိုသို့ ပြုလုပ်စေသောကြောင့်သော်လည်းကောင်း အရေးကြီးသော အချက်အလက်တစ်ခုကို တမင်တကာ ထုတ်ဖော်မပြောဘဲ နေလျှင်သော်လည်းကောင်း သင်က အခြားသူကို ထုတ်ဖော်ပြောဆို၍ မရအောင် လုပ်ဆောင်လိုက်သောကြောင့်သော်လည်းကောင်း သင် ခံစားခွင့်မရှိသည့် ကပ်ရောဂါ အရေးပေါ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် နစ်နာကြေးပေးမည့် အစီအစဉ်၏ နစ်နာကြေး ပမာဏတစ်ခုကို လက်ခံရရှိခဲ့ပါက အမေရိကန်ပြည်ထောင်စု ဥပဒေ၊ ခေါင်းစဉ် 18 ၏ 19 အပိုင်း 1001 အရ တရားစွဲဆိုခြင်း ခံရမည်ဖြစ်သည်။
  • လိမ်လည်မှုကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပြီး အကျိုးဆက်အနေဖြင့် PEUC ၏ ထောက်ပံ့ငွေ အပါအဝင် အလုပ်လက်မဲ့ အာမခံ ခံစားခွင့်ကို တစ်ပတ်ကြာ (သို့မဟုတ် ရက်သတ္တပတ်များစွာကြာ) ခံစားခွင့်မရှိတော့သော အလုပ်သမားတစ်ဦးသည် ထိုကဲ့သို့ အကျိုးခံစားခွင့်မရှိတော့သည့် ဖြစ်ရပ်နောက်ပိုင်း နောက်တွင် PEUC ၏ နောက်ထပ် ထောက်ပံ့ငွေများကိုလည်း ရရှိနိုင်မည်မဟုတ်ပါ။
  • ပုံမှန် UI အစီအစဉ် သို့မဟုတ် CARES အက်ဥပဒေအရ ထပ်ဆောင်း အကျိုးခံစားခွင့်များကို ရရှိရန် အကြောင်းရင်းမရှိဘဲ အလုပ်မှ ထွက်လိုက်ခြင်းသည်လည်း လိမ်လည်မှု အရာမြောက်ပါသည်။ လိမ်လည်၍ ဤအကျိုးခံစားခွင့်များကို သင် ရရှိခဲ့ပါက ထပ်ဆောင်း အကျိုးခံစားခွင့် ထောက်ပံ့ငွေမှန်သမျှကို ခံစားခွင့်ရှိတော့မည်မဟုတ်ဘဲ အကျိုးခံစားခွင့်များကို ပြန်လည်ပေးအပ်ရမည်ဖြစ်သလို အမေရိကန်ပြည်ထောင်စု ဥပဒေ၊ ခေါင်းစဉ် 18 ၏ အပိုင်း 1001 အရ ပြစ်မှုဆိုင်ရာ တရားစွဲဆိုခြင်းကိုလည်း ခံရပါမည်။
  • အလုပ်သမားတစ်ဦး၏ အလုပ်လက်မဲ့ အာမခံကြေးကို အပတ်စဉ် ဆက်လက်တောင်းခံရာတွင် အဆိုပါ ရက်သတ္တပတ်အတွင်း ရရှိခဲ့သည့် ဝင်ငွေများကို တင်ပြရာ၌ ရည်ရွယ်ချက်ရှိရှိ မှားယွင်းဖော်ပြပါက အကျိုးခံစားခွင့်များကို ပိုလွန်ပေးချေမိခြင်းဖြစ်နိုင်ပြီး အခြားပြစ်ဒဏ်များနှင့် ဖြစ်လာနိုင်သည့် ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုအပြင် လိမ်လည်မှုဖြစ်ကြောင်း တွေ့ရှိပါက အကျိုးခံစားခွင့်များ ဆုံးရှုံးမည်ဖြစ်သည်။

 

အကျိုးခံစားခွင့် လျှောက်ထားသူများအတွက် အခြားအရေးကြီးသော အချက်အလက်များ

  • ပုံမှန် အလုပ်လက်မဲ့ အာမခံ အကျိုးခံစားခွင့်များနည်းတူ PEUC ထောက်ပံ့ငွေများမှ ကလေးထောက်ပံ့စရိတ်ပေးရန် တာဝန်များကို ထုတ်ပယ်ရပါမည်။
  • PEUC ထောက်ပံ့ငွေများမှာ အခွန်ဆောင်ရမည်ဖြစ်သည်။ ဤထောက်ပံ့ငွေများသည် 2020 အခွန်ထမ်းနှစ်အတွက် သင် လက်ခံရရှိသည့် သင်၏ 1099G တွင် ပါဝင်ပါမည်။ သင်၏ အလုပ်လက်မဲ့ အာမခံ အကျိုးခံစားခွင့်များမှ အခွန်များကို ပြန်နုတ်ယူထားရန် သင် ရွေးချယ်လိုက်ပါက PEUC ထောက်ပံ့ငွေများမှ အခွန်များကို ပြန်နုတ်ယူထားပါမည်။

 

အလုပ်ရှင်များအတွက် အချက်အလက်များ

  • PEUC ကို ရရှိသည့် ဝန်ထမ်းများထံ ပေးသည့် အကျိုးခံစားခွင့်များအတွက် အလုပ်ရှင်များကို အခကြေးငွေကောက်ခံမည်မဟုတ်ပါ။
  • သင်သည် ကပ်ရောဂါ ပြီးသွားသည့်အခါ ဝန်ထမ်းများကို အလုပ်ဆင်းရန် ကမ်းလှမ်းသော်လည်း သင့်ဝန်ထမ်းက အလုပ်ပြန်ဝင်ရန် ငြင်းဆန်နေပါက Iowa Workforce Development (အိုင်အိုဝါ အလုပ်သမားအင်အား ဖွံ့ဖြိုးတိုးတက်ရေးဌာန) သို့ ဤနေရာ-https://www.iowaworkforcedevelopment.gov/job-offer-decline-form-employersတွင် အကြောင်းကြားရမည်
  • ၎င်းတို့၏ဝန်ထမ်းများအနေဖြင့် အကျိုးခံစားခွင့်များကို အမြန်ဆုံး ရရှိနိုင်ရန် အလုပ်ရှင်များသည် ၎င်းတို့၏ သုံးလပတ် အလုပ်လက်မဲ့ အာမခံ အစီရင်ခံစာများကို အချိန်နှင့်တစ်ပြေးညီ အချိန်မီ တင်သွင်းရမည်ဖြစ်သည်။
  • အလုပ်ရှင်များသည် အာမခံကြေး တောင်းဆိုမှု နို့တစ်စာ (65-5317) သို့မဟုတ် COVID-19 ကြောင့် မဟုတ်သည့် အခြားအကြောင်းရင်း တစ်ခုကြောင့် အလုပ်မလုပ်တော့သည့် တစ်စုံတစ်ဦးအတွက် အာမခံကြေး တောင်းဆိုခြင်းဖြစ်ပါက SIDES အကြောင်းကြားချက်အားလုံးကို အကြောင်းပြန်သင့်ပါသည်။
  • လစာဖြင့် နာမကျန်းခွင့်ပေးထားခြင်း သို့မဟုတ် အခြားလစာဖြင့် ခွင့်ခံစားခွင့်များကို တင်ပြရန် အလုပ်ရှင်များသည် အာမခံကြေး တောင်းဆိုမှု နို့တစ်စာ (65-5317) သို့မဟုတ် SIDES အကြောင်းကြားချက်အားလုံးကို အကြောင်းပြန်သင့်ပါသည်။

 

COVID-19 ကြောင့် ထိခိုက်သွားသည့် ဝန်ထမ်းများ/အလုပ်သမားများအတွက် အချက်အလက်များ

  • သင်သည် COVID-19 ကြောင့် အလုပ်ဆုံးရှုံးသွားပါက အလုပ်လက်မဲ့ အာမခံ တောင်းဆိုမှု ဖောင်တစ်ခုခုကို ရရှိနိုင်ရန် အလုပ်လက်မဲ့ အာမခံကြေး တောင်းဆိုမှု လျှောက်လွှာတစ်စောင်ကို အွန်လိုင်း မှ တင်သွင်းရမည်။ 
  • သင်က အလုပ်လက်မဲ့ အာမခံ အကျိုးခံစားခွင့်များကို ရရှိနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ရန် သင်၏ အာမခံကြေးတောင်းဆိုမှုကို ပြန်လည်သုံးသပ်ပါမည်။   သင်၏ အကျိုးခံစားခွင့်များ ကုန်ဆုံးသွားပြီး သင်၏ လက်ရှိအကျိုးခံစားခွင့်ရှိသည့် နှစ် သက်တမ်းမကုန်မချင်း အာမခံကြေး တောင်းဆိုချက်အသစ်တစ်ခု မတင်သွင်းနိုင်ပါက သင်သည် PEUC အစီအစဉ်မှတစ်ဆင့် ထပ်ဆောင်း အကျိုးခံစားခွင့်များကို 13 ပတ်အထိ ခံစားနိုင်ပါမည်။
  • PECU အစီအစဉ်တစ်ခုမှ ထောက်ပံ့ငွေ ရရှိသောအခါ သင့်အနေဖြင့် အပတ်စဉ် ထောက်ပံ့ငွေ ရရှိရန် အပတ်စဉ် အာမခံကြေး တောင်းဆိုချက်ကို တင်ပြရန် လိုဆဲဖြစ်ပါသည်။  အခြားအကျိုးခံစားခွင့်များကို ပေးချေသည့် နည်းလမ်းအတိုင်း ထောက်ပံ့ငွေကို သင့်အား ပေးမည်ဖြစ်သည်။
  • သင်၏ အာမခံကြေး တောင်းဆိုချက် သက်တမ်းကုန်သွားသောအခါ PEUC တွင် ငွေလက်ကျန်ရှိနေသည့်တိုင် တောင်းဆိုချက်အသစ်တစ်ခု တင်သွင်းရန်လိုသည်။

 

တစ်ဦးချင်းအလိုက် အကျိုးခံစားခွင့်ရှိမှု

ကပ်ရောဂါ အရေးပေါ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် နစ်နာကြေးပေးမည့် အစီအစဉ်အရ အကျိုးခံစားခွင့်များကို ရယူနိုင်ရန် လျှောက်ထားသူများသည်-

  • ပြည်နယ် သို့မဟုတ် ဖက်ဒရယ် အလုပ်လက်မဲ့ အာမခံကြေး အကျိုးခံစားခွင့်အားလုံး ကုန်ဆုံးသွားသူဖြစ်ရမည်။
  • COVID-19 နှင့် သက်ဆိုင်သည့် အကြောင်းရင်းများကြောင့် မလုပ်ဆောင်နိုင်ချိန်မှလွဲ၍ အလုပ်လုပ်ရန် အသင့်ရှိသူနှင့် အလုပ်ကို တက်တက်ကြွကြွ ရှာဖွေနေသူဖြစ်ရမည်။
  • အလုပ်ရှာဖွေမှု မှတ်တမ်းများကို ဖြည့်၍ ထိန်းသိမ်းထားရမည် (သင်၏ အာမခံကြေး တောင်းဆိုရာတွင် အလုပ်ရှာဖွေမှုများ ထည့်ရန် လိုပါက)။
  • အာမခံကြေး တောင်းဆိုသည့် အပတ်အတွင်း ရရှိခဲ့သည့် အကျုံးဝင်သော ဝင်ငွေများကို တင်ပြရမည်။ အကျုံးဝင်သော ဝင်ငွေများတွင် လုပ်ခလစာများ၊ လစာဖြင့် နာမကျန်းခွင့်ယူချိန်၊ အားလပ်ရက်အတွင်း ပေးသည့် လစာနှင့် ပိတ်ရက်အတွင်း ပေးသည့်လစာ စသည့် အကန့်အသတ်မရှိ ပါဝင်သည်။
  • COVID-19 နှင့် သက်ဆိုင်သည့် အကြောင်းရင်းများကြောင့် မလုပ်ဆောင်နိုင်ချိန်မှလွဲ၍ အလုပ်လုပ်ရန် အသင့်ရှိသူနှင့် အလုပ်ကို တက်တက်ကြွကြွ ရှာဖွေနေသူဖြစ်ရမည်။

ကပ်ရောဂါ အရေးပေါ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် နစ်နာကြေးပေးမည့် အစီအစဉ်မှ နစ်နာကြေးကို ခံစားခွင့်မရှိသူများမှာ-

  • လစာဖြင့် အိမ်မှ မိုဘိုင်းဖုန်းနှင့် အွန်လိုင်းသုံး၍ အလုပ်လုပ်နိုင်ပြီး အများအားဖြင့် နဂိုအလုပ်ချိန်အတိုင်း ဆက်လက်အလုပ်လုပ်နိုင်သူ၊ နဂိုလစာအတိုင်း ရရှိသူ။
  • လစာဖြင့် နာမကျန်းခွင့် သို့မဟုတ် အခြားလစာဖြင့် ခွင့် ခံစားခွင့်များ ရရှိထားပြီး ထိုအကျိုးခံစားခွင့်များက ၎င်းတို့၏ အပတ်စဉ် PEUC ထောက်ပံ့ငွေ ပမာဏထက် ပိုများသူ။
  • အခြားပြည်နယ် သို့မဟုတ် ဖက်ဒရယ် အလုပ်လက်မဲ့ အစီအစဉ် [အလုပ်လက်မဲ့ အာမခံ (UI)၊ ဖက်ဒရယ် ဝန်ထမ်းများအတွက် အလုပ်လက်မဲ့ နစ်နာကြေး (UCFE)၊ စစ်မှုထမ်းဟောင်းများအတွက် အလုပ်လက်မဲ့ နစ်နာကြေး (UCX)၊ ထပ်တိုး အကျိုးခံစားခွင့်များ (EB)၊ ကာလတို နစ်နာကြေး/ဆန္ဒအလျောက် အလုပ်ချိန်လျှော့ချ၍ လျှော့ချခံရသည့် အလုပ်ချိန်အတွက် အလုပ်လက်မဲ့ အာမခံကြေး ထောက်ပံ့ခြင်း အစီအစဉ် (STC/VSW) အပါအဝင်] အတွက် သတ်မှတ်ချက်ပြည့်မီသူတို့ဖြစ်သည်။

 

ကျွန်ုပ် ဘာတွေလုပ်ဖို့လိုသလဲ။

  • သင့်တွင် လက်ရှိအကျုံးဝင်သည့် အလုပ်လက်မဲ့ အာမခံကြေး တောင်းဆိုချက်တစ်ခု မရှိပါက သင်၏ အာမခံကြေး တောင်းဆိုချက်ကို ပြန်လည်အကျိုးသက်ရောက်မှု ရှိစေရန် အွန်လိုင်းတွင် အာမခံလျော်ကြေး တောင်းဆိုချက် တင်သွင်းပါ- https://www.iowaworkforcedevelopment.gov/file-claim-unemployment-insurance-benefits
  • သင်သည် လတ်တလောတွင် အလုပ်လက်မဲ့ အာမခံကြေး တောင်းဆိုချက် တင်သွင်းထားပြီး သင့်အကျိုးခံစားခွင့်များ ကုန်ဆုံးသွားပါက Iowa Workforce (အိုင်အိုဝါပြည်နယ် အလုပ်သမားအင်အားဌာန) ဖုန်းနံပါတ် 866-239-0843 သို့ ဆက်သွယ်ပါ
  • သင်၏ အပတ်စဉ် အာမခံကြေးကို အွန်လိုင်းတွင် တောင်းဆိုရန် သို့မဟုတ် ဆက်လက်တောင်းဆိုရန်- https://www.iowaworkforcedevelopment.gov/file-weekly-continued-claim
  • သင့်မေးလ်တွင် PEUC အစီအစဉ်အရ သင် ခံစားခွင့်ရှိသည့် ထောက်ပံ့ငွေပမာဏကို အကြောင်းကြားသည့် စာကို လက်ခံရရှိပါမည်။

 

သင်၏ အပတ်စဉ် အာမခံကြေး တောင်းဆိုပုံ-

အပတ်စဉ် အာမခံကြေး တောင်းဆိုမှုအားလုံး (ပုံမှန် UI နှင့် ကပ်ရောဂါကာလ ထပ်တိုး အလုပ်လက်မဲ့ နစ်နာကြေး) ကို အွန်လိုင်း https://www.iowaworkforcedevelopment.gov/file-weekly-continued-claim တွင် တင်သွင်းနိုင်သည်

အပတ်စဉ် အာမခံကြေး တောင်းဆိုချက် တင်သွင်းနိုင်သည့် အချိန်

တနင်္ဂနွေနေ့ - နံနက် 8:00 နာရီမှ ည 7:30 နာရီ 

တနင်္လာမှ သောကြာနေ့အထိ - နံနက် 8:00 နာရီမှ ညနေ 5:30 နာရီ

သင်၏ အာမခံကြေး တောင်းဆိုမှုအတွက် သီးသန့် မေးခွန်းများရှိလျှင် uiclaimshelp@iwd.iowa.gov ကို ဆက်သွယ်ပါ သို့မဟုတ် ဖုန်းနံပါတ် 866-239-0843 တွင် ကျွန်ုပ်ကို ဖုန်းခေါ်ပါ။

Individual