Unemployment Insurance Extension Under CARES Act - Burmese

ကိုရိုနာဗိုင်းရပ်စ် AiD, သက်သာခြင်းနှင့် စီးပွားရေးလုံခြုံမှု (CARES) လုပ်ဆောင်ချက် - CARES ACT

“Lowa Workforce Development” လုပ်သားအင်အားဖွံ့ဖြိုးတိုးတက်မှုမှ အင်္ဂလိပ်စာ နား မလည် သူများအတွက် အခမဲ့ဘာသာ ပြန် ဝန်ဆောင်မှုများကိုပေးပါသည်။

 

သင့် အလုပ်လက်မဲ့အာမခံနှင့် ပတ်သက်၍ မေးမြန်လိုပါက ကျေးဇူးပြု၍ ဖုန်းနံပါတ် ၁-၈၆၆-၂၃၉-၀၈၄၃ အား အခမဲ့ဘာသာပြန်ဝန်ဆောင်မှုများအတွက် ၈နာရီခွဲ နှင့် ညနေ ၄နာရီခွဲ အကြား တနင်္လာနေ့၊ အင်္ဂါနေ့၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် သောကြာတို့တွင်ခေါ်ဆိုနိုင်ပါသည်။

 

CORONAVIRUS AID, RELIEF AND ECONOMIC SECURITY (CARES) ACT:  CARES ACT

ကိုရိုနာဗိုင်းရပ်စ် AiD, သက်သာခြင်းနှင့် စီးပွားရေးလုံခြုံမှု (CARES) လုပ်ဆောင်ချက် - CARES ACT

 

သမ္မတ Trump သည် CARES Act ပြဌာန်းချက်ဥပဒေတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤဥပဒေသည် ကိုယ်ပိုင်လုပ်ငန်းလုပ်သော၊ ကန်ထရိုက်တာအလုပ်သမားများ (စာချုပ် လုပ်သားများ)၊ ပြည်နယ်အလုပ်လက်မဲ့ခံစားခွင့်များအတွက်အရည်အချင်း မပြည့်မှီသောသူတို့ သို့မဟုတ် ခံစားခွင့်များကုန်ဆုံးသူများ အတွက် အလုပ်လက်မဲ့အာမခံ ခံစားခွင့် ရရှိမှုကို တိုးပွားစေရန်ဖြစ်သည်။ ဤထပ်ဆင့်အကျိုးခံစားခွင့်များကိုမရရှိနိုင်သေးပါ။ ကျွန်ုပ်တို့သည် အလုပ်လက်မဲ့အာမခံအစီအစဉ်သို့ပြောင်းလဲမှုများပြုလုပ်နေပါသည်။ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက် ၊မီဒီယာဆိုင်များနှင့်လူမှုမီဒီယာများမှတစ်ဆင့်နောက်ဆုံးမွမ်းမံသတင်းများအားတင်ပေးသွား ပါ မည်။ကျွန်ုပ်တို့၏ ဧည့်ဝန်ဆောင်မှုကိုယ်စားလှယ်များသည် ဤအချိန်တွင်ထပ်ဆင့် သတင်း အချက်အလက်များမရှိသေးပါ။

 

သင်၏အကျိုးခံစားခွင့်များသက်ရောက်မှုရှိပါက ကျွန်ုပ်တို့မှအကြောင်းကြားပါမည်။

 

မှတ်ချက် - CARES Act မှ တစ် ဦး ချင်းငွေပေးချေမှုအတွက်ဒေါ်လာ ၁၂၀၀ အထိထောက်ပံ့ ပေးပါသည်။ ထိုအပြင် အသက် ၁၆ နှစ် နှင့် ၁၆နှစ် အောက်သော အရည်အချင်းပြည့်မှီသည့် ကလေးတိုင်းအတွက်အပိုဆောင်း ဒေါ်လာ၅၀၀ပေးပါသည်။ ထိုငွေပေးချေမှုများသည် အလုပ်

လက်မဲ့ အကျိုးခံစားခွင့်များ နှင့် မသက်ဆိုင်ဘဲပြည်တွင်းအခွန်များဦးစီးဌာန (IRS) မှအချက် အလက်များအပေါ် အခြေခံ၍ ဖက်ဒရယ်အစိုးရမှ တိုက်ရိုက်ပေးဆောင်ခြင်းဖြစ်ပါသည်။ ဤငွေပေးချေမှုများအတွက် IWD မှလျှောက်ရန်မလိုအပ်ပါ။ IRS သည်ထပ်ဆင့် သတင်းအချက် အလက်များရရှိပါက၄င်း၏၀က်ဘ်ဆိုက်တွင်တင်ပေးသွားမည်ဖြစ်ပါသည်။ https://www.irs.gov/coronavirus

 

မေးခွန်း - “CARES Act” ဥပဒေအရ အလုပ်လက်မဲ့ခံစားခွင့် အကျိုး ကိုမည်သူရထိုက်သနည်း။

အဖြေ - ကိုယ်ပိုင်အလုပ်လုပ်ကိုင်သူများ၊ လွတ်လပ်သောစာချုပ်လုပ်သားများ ၊ အကျိုးအမြတ် မယူသော ၀န်ထမ်းများနှင့် Gig စီးပွားရေးလုပ်သားများ ၊ ပြည်နယ်အလုပ်လက်မဲ့ အခွင့်အလမ်း များ အတွက်အရည်အချင်း မပြည့်မီသူများ သို့မဟုတ် သက်သာခွင့်များကုန်ဆုံးသူများ ရရှိနိုင်ပါသည်။

 

မေးခွန်း - ကျွန်ုပ်သည်ကိုယ်ပိုင်အလုပ်ရှိလျှင်အလုပ်လက်မဲ့ခံစားခွင့်လျှောက်လွှာတင်ရန် လို

အပ် ပါသလား။

အဖြေ - ဟုတ်ကဲ့၊ သင်ပထမ ဦးဆုံးပုံမှန် Iowa တောင်းဆိုမှု ရထိုက်ခွင့် ရှိ / မရှိသိရန် ပထမ ဦးဆုံးတောင်းဆိုချက်ကို အွန်လိုင်းမှတင်ရန်လိုအပ်သည်။ သင်လျှောက်လွှာတင်ပြီးသည် နှင့် နောက်ထပ်လိုအပ်သော သတင်းအချက်အလက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်ကို

ဆက်လက် စစ်ဆေးပါ။

 

မေးခွန်း - အကယ်၍ ကျွန်ုပ်သည်ခံစားခွင့်များကိုလက်ခံရရှိပါက၊ အပိုဆောင်း ဒေါ်လာ ၆၀၀ အကျိုးခံစားခွင့်ငွေပေးချေမှု အတွက် အလုပ်လက်မဲ့များ လျှောက်လွှာတင်ရန် လိုအပ် ပါသလား။

အဖြေ - မလိုအပ်ပါ။ အကယ်၍သင်သည် အလုပ်လက်မဲ့လျှောက်လွှာတစ်ခုကို တင်ပြီးဆောင် ရွက်နေပါက သို့မဟုတ်ရှိပြီးသား အလုပ်လက်မဲ့တောင်းဆိုချက်ရှိပါက၊ ထပ်ဆောင်းသက်သာ ခွင့်များကို ရရှိရန် သင်ဘာမှထပ်လုပ်ရန်မလိုအပ်တော့ပါ။ အဲဒီငွေပေးချေမှု ရရှိနိုင်လာတာနဲ့ စတင်ထုတ်ပေးပါမည်။

 

မေးခွန်း - ကျွန်ုပ်သည်ပြီးခဲ့သည့်အပတ်က အလုပ်လက်မဲ့ခံစားခွင့် ကိုလက်ခံရရှိခဲ့ပြီး၊ အခု ကျွန်ုပ်၏ ခံစားခွင့်များကို ဆက်လက်၍ မရရှိတော့ပါ။  ကျွန်ုပ်သည်ကျွန်ုပ်အကျိုးခံစားခွင့် နှစ် အတွင်းတွင်ရှိနေပါသေးသည် နောက်ပြီး ကျွန်ုပ်၏တောင်းဆိုမှုသက်တမ်းကုန်ဆုံး မှသာလျှင် ထပ်မံ၍ ဖိုင်တင်နိုင်မည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။ CARES Act ဥပဒေတွင် ပြဌာန်း ထားသောထပ်ဆောင်းငွေကိုရရန်အလုပ်လက်မဲ့လျှောက်လွှာ တင်ရန် လိုအပ်ပါသလား။

အဖြေ - လျှောက်လွှာအသစ်တင်ရန်မလိုအပ်ပါ။တိုးချဲ့အကျိုးခံစားခွင့်များရရှိပါက နောက်ထပ် အချက်အလက်များကို ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်တွင်ဖော်ပြသွားပါမည်။ ၀၂-၀၂-၂၀  အပြီး သို့မဟုတ် ထိုရက်မှနောက်ပိုင်းအကျိုးခံစားခွင့်များကုန်ဆုံးသွားသောမည်သည့် လျှောက်ထား သူအတွက်မဆို တိုးချဲ့အကျိုးခံစားခွင့်များ အတွက်ဆောင်ရွက်ပါဖြစ်သည်။

 

မေးခွန်း - ကျွန်ုပ်သည်အလုပ်လက်မဲ့ခံစားခွင့်များအတွက် ပြည့်မှီမှု ရှိ မရှိ မည်သို့သိနိုင် မည်နည်း။

အဖြေ - အလုပ်လက်မဲ့လျှောက်လွှာတင်ပြီးနောက် သင့်ကို ကျွန်ုပ်တို့အကြောင်းကြားပါမည်။ သင်၏လျှောက်လွှာကိုကျွန်ုပ်တို့မလုပ်ဆောင် မကိုင်တွယ်ရသေးဘဲ သင်ပြည့်မှီမှု ရှိမရှိ ဆုံးဖြတ် လို့မရနိုင်ပါ။

 

ထပ်ဆင့်အချက်အလက်များ - စနေနေ့တွင်ယူအက်စ်အလုပ်သမားရေးရာဌာနသည် မေးခွန်းနှင့် အဖြေ အရင်းအမြစ်ပုံစံများနှင့် စပ်လျဥ်း သောလမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ ပါသည်။ မိသားစုများပထမ ကိုရိုနာဗိုင်းရပ်စ် (Coronavirus) တုံ့ပြန်မှု Act ဥပဒေတွင် ဖျားနာခွင့် ခွင့်ပြုချက်အသစ် နှင့် မိသားစုနှင့်ဆေးခွင့် ခွင့်တိုးမြှင့်ခြင်းတို့နှင့် ပတ်သတ်၍သော အဓိက လိုအပ်ချက်များကိုရှင်းလင်းရန်ဖြစ်သည်။ ဤပြဌာန်းချက်အသစ်များသည် ၂၀၂၀၊ ဧပြီ ၁ ရက် တွင် စတင်သက်ဝင်မည် ဖြစ်ပြီး ၂၀၂၀၊ ဒီဇင်ဘာ ၃၁ ရက်တွင်သက်တမ်းကုန်ဆုံးပါမည်။

 

ပြည်နယ်အကျိုးသက်ရောက်မှု - ဤလုပ်ပိုင်ခွင့်အသစ် တွင် ပြည်နယ်နှင့်ဒေသဆိုင်ရာအစိုးရ များမှ အရေးပေါ်တုံ့ပြန်သူများတွင် မည်သို့ အကျိုးသက်ရောက်မည် ဟူသော  မေးခွန်းများနှင့် ပတ်သက်၍ လမ်းညွှန်ချက် မေးခွန်း ၃၈ တွင်ရှင်းလင်းပြတ်သားစွာဖော်ပြထားပါသည် - “အကယ်၍ သင်သည်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် အရေးပေါ်တုံ့ပြန်သူတစ်ဦး ကိုအလုပ်ခန့်ထားပါက ထို၀န်ထမ်း ၏ဖျားနာခွင့်သို့မဟုတ် မိသားစုနှင့် ဆေးကုသမှုခွင့်ပြုခြင်း အတွက် အခြေခံအားဖြင့် တစ်ဦးချင်းစီငွေပေးချေရန်မလိုပါ။ ထို့အပြင်အချို့သောအသေးစား စီးပွားရေးလုပ်ငန်းများ၌ခွင့်ရက်များသည်ကုမ္ပဏီ၏ရှင်သန်နိုင်မှုကိုထိခိုက်စေနိုင်ပါက ၀န်ထမ်း များအား ကင်းလွတ်ခွင့် ပေးနိုင်သည်။”

Information from the U.S. Department of Laborhttps://www.dol.gov/agencies/whd/pandemic/ffcra-questions

 

Individual